1.12.08

ဆန္ဒတစ်ခု

တောက်ပတဲ့ နေခြည်လေးရယ်
ကျွန်တော့အစား ချစ်သူကိုလွှမ်းခြုံပေးပါ၊
နွေးထွေးပါစေ၊
ပူရှိန်မှုတွေ ချန်ထားခဲ့လို့
ကျွန်တော့ကိုသာ အုပ်ရုံလှည့်ပါ။

သိမ်မွေ့တဲ့ လေပြည်လေးရယ်
ကျွန်တော့ကိုယ်စား ချစ်သူ့ဆံကြား လွင့်မျောပေးပါ၊
ကြည်နူးပါစေ၊
လေနီကြမ်းတွေ ခဏသိမ်းလို့
ကျွန်တော့ကိုသာ ရိုက်ခတ်လှည့်ပါ။

အေးမြတဲ့ မိုးစက်လေးတွေရယ်
ကျွန်တော့ကိုယ်စား ချစ်သူ့ကို မေတ္တာရေစင် ပက်ဖျန်းပေးပါ၊
အေးမြပါစေ၊
မုန်တိုင်းတွေကို တေးမှတ်ထားလို့
ကျွန်တော့ဆီသာ တိုက်ခတ်လှည့်ပါ။

နူးညံ့တဲ့ နှင်းပွင့်လေးတွေရယ်
ကျွန်တော့အစား ချစ်သူ့ပါးပြင် နူးညံ့သက်စွာ ထိတွေ့ပေးပါ၊
ပျော်ရွှင်ပါစေ၊
နှင်းကြမ်းခဲတွေ ဆိုင်းငံ့ထားလို့
ကျွန်တော့ဆီသာ ရွာချလှည့်ပါ။

ချစ်သူ့အနား ရှိခွင့်မရပေမယ့်
ချစ်သူ့ဘ၀ လှပစေပါ့မယ်၊
ချစ်သူ့အပြုံး မြင်ရရင်ဖြင့်
မောပန်းသမျှ ဖြေဖျောက်နိုင်လို့
အရာရာကို ရင်ဆိုင်နိုင်ပါပြီလေ။



ကူးယူ ထားတဲ့ ကဗျာလေး ပါ တော် တော်ကြိုက်လို့ 
သူငယ်ချင်း တို့ လဲ ခံ စားနိုင် လိမ့် မယ် လို့ ထင် ပါတယ် .......... အောင်တက်နိုင်

22.11.08

Templats တွေကိုဘယ်လို install လုပ်မလဲ ?

ကျွန်တော်တို့ ဘလော့ဂါမှာစပြီး တင်ထားတဲ့ တင်းပလိပ်တွေက သိပ်ပြီးမလှတာလေးတွေရှိပါတယ်။ ကိုယ်ကြိုက်တဲ့ တင်းပလိပ်တွေကို download လုပ်ပြီး သုံးရင်တော့အဆင်ပြေတာပေါ့ဗျာ။ အဲ... ဒါပေမဲ့ အဲ့ဒီတင်းပလိပ်တွေက အားနည်းချက်တော့ရှိတယ်။ အဲ့ဒါက ဘာလဲဆိုတော့ အဲ့ဒီတင်းပလိပ်တွေက colour တို့ edit HTML တို့ပြင်လို့မရ တော့ဘူး။ ဒါပေမဲ့ ကျွန်တော်မသိလို့ လဲဖြစ်ရင်ဖြစ်ပါပေါ့လေ။ အဲ...ဒါနဲ့ ကိုယ်ဒေါင်းလုပ်ဆွဲထားတဲ့တင်းပလိပ်တွေကို ပြန်ပြီကိုယ့်ဘလော့မှာတင်ပုံ (upload) တွေကိုကျွန်တော်နည်းနည်းလေကန်ချင်ပါတယ်။ ဟိဟိ
အရင်ဆုံး တင်းပလိပ်တစ်ခုတင်ချင်တယ်ဆိုရင် ကိုယ့်ရင်အရင်တင်းပလိပ်လေးတွေကို Download အရင်လုပ်သင့် ပါတယ် ဘာလို့လဲဆိုတော့ တစ်ခုခုမှာသွားရင်အဲ့ဒါလေးကို ပြန်သုံးလို့ရတာပေါ့။ ကိုယ့်တင်းပလိပ်ကိုဒေါင်းလုဒ်ဆွဲ မယ်ဆိုရင် Sing in လုပ်လိုက်ပါ။ ပြီးရင် layout>>>edit HTML မှာ ဒီလိုပုံလေးတွေ့ပါလိမ်။







အဲ့ဒါပြီးရင်တော့ ကိုယ်တင်ချင်တဲ့ file တွေကို upload လုပ်လို့ပါပြီ


upload ပြီးသွားပြီဆိုရင်တော့ဒီလိုပုံလေးတွေဆက်တွေ့ပါလိမ့်မယ်



ပုံပါအတိုင်း confirm&save ကို click လိုက်ပါ
တစ်ခုရှိတာက ကိုကြိုက်တဲ့ တင်းပလိပ်ပြောင်းပြီးရင် widget တွေအကုန်လုံးတော့ပျောက်သွားပါလိမ့်မယ်။
ဒါတွေအကုန်ပြီးသွားရင်တော့ တင်းပလိပ်ပြောင်းပြီးသားဖြစ်သွားပါလိမ့်မယ်